top of page
Search
  • Writer's pictureNice Style Travel & Tours

Things to do in Singapore Part - 1

Updated: Dec 10, 2019


(Unicoded) နည်းပညာတွေနဲ့ ခေတ်မှီတိုးတက်နေတဲ့ စင်္ကာပူမှာ...

လည်ပတ်စရာနေရာ လေ့လာစရာ နေရာတွေ များစွာရှိနေပါတယ်။

အချိန်မရလို့ ဘယ်နေရာတွေကိုတော့

အရောက်သွားရမလဲဆိုရင်တော့...😍

1️⃣ Sky Tree တွေနဲ့ အံသြဖွယ်ရာ 𝐆𝐚𝐫𝐝𝐞𝐧𝐬 𝐛𝐲 𝐭𝐡𝐞 𝐁𝐚𝐲

2️⃣ Merlion ရုပ်ထု တည်ရှိရာ 𝐌𝐞𝐫𝐥𝐢𝐨𝐧 𝐏𝐚𝐫𝐤

3️⃣လူကြီးလူငယ်မရွေး ပျော်ရွှင်စေမယ့် 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐨

4️⃣ Shopping Paradise ဖြစ်တဲ့ 𝐎𝐫𝐜𝐡𝐚𝐫𝐝 𝐑𝐨𝐚𝐝

တို့ကို ရွေးချယ်ပေးချင်ပါတယ်။

-----------------------------------------

1️⃣ 𝐆𝐚𝐫𝐝𝐞𝐧𝐬 𝐛𝐲 𝐭𝐡𝐞 𝐁𝐚𝐲

ခေတ်မှီ ဆန်းသစ်သော ဒီဇိုင်း ၊ ပြီးပြည့်စုံသော ပန်းဥယျာဉ်အလှ များဖြင့် ကမ္ဘာအနှံ့အပြားမှ ခရီးသည်များကို ဆွဲဆောင်လျက်ရှိတာကတော့ စင်္ကာပူနိုင်ငံရဲ့ Gardens by the bay ပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ အန္တာတိက တိုက်မှ အပ - ကျန် တိုက်ကြီးခြောက်တိုက်မှ ပန်းပေါင်းမျိုးစုံကိုပြသထားသည့်အတွက် ပန်းချစ်သူ တို့ အပြင် ဥယျာဉ်ပန်းမန်တို့ကို လေ့လာချင်သူတို့အတွက် အံမခန်းဥယျာဉ်ကြီးလဲ ဖြစ်ပါတယ်။ Garden by the bay ရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့နေရာတွေကတော့ Flower Dome & Cloud Forest တို့ဘဲဖြစ်ပါတယ်။😱

Flower Dome မှာ ဆိုရင် တော့ ကမ္ဘာ အရပ်ရပ်မှ ရှားပါးသစ်ပင် မျိုးစိတ် များကို တွေ့ရှိနိုင်ပြီး ရာသီအလိုက် ပွဲတော်များအတွက် Theme များလည်း ပြောင်းလဲဖန်တီးလေ့ရှိပါတယ်။ December မှာဆိုရင် Christmas Theme ကို တွေ့နိုင်ပြီး October နောက်ဆုံးပတ်မှာဆိုရင်တော့ Halloween Theme ကိုတွေ့နိုင်ပါသည်။ Cloud Forest မှာဆိုရင်တော့ လူများပြုလုပ်ထားတဲ့

ရေတံခွန်ကြီးရှိပြီး ထို ရေတံခွန်ကို အပေါ်စီးမှ လှည့်ပတ်ကြည့်ရှုနိုင်သည့် Sky Way တံတားများလည်းရှိနေပါတယ်။ 🤩

-----------------------------------------

2️⃣ 𝐌𝐞𝐫𝐥𝐢𝐨𝐧 𝐏𝐚𝐫𝐤

“Merlion ရုပ်ထုကို မတွေ့ရသေးရင် စင်္ကာပူခရီးစဉ်ဟာ ပြီးပြည့်စုံပြီလို့ ပြောလို့မရပါဘူး”တဲ့

စင်္ကာပူနိုင်ငံမှာ ဒဏ္ဍာရီလာ သတ္တဝါတစ်ခုဖြစ်တဲ့ ခြင်္သေ့ဦးခေါင်း နဲ့ ငါးခန္ဓာကိုယ် ပေါင်းစပ်ထားတဲ့ Merlion ရုပ်ထု စုစုပေါင်း 5 ခု ရှိပြီး Merlion Park မှာ ရုပ်ထု 2 ခုရှိပါတယ်။ Merlion Park မှာရှိတဲ့ ရုပ်ထုအကြီးဟာဆိုရင် Marina Bay ဘက်ကို မျက်နှာမူထားပြီး အမြင့် - 8.6 မီတာ နဲ့ အလေးချိန် 70-တန် ရှိပါတယ်။ ရုပ်ထုအသေးကတော့ စင်္ကာပူနိုင်ငံဘက်ကို မျက်နှာမူထားပြီး စင်္ကာပူနိုင်ငံရှိလူငယ်များကို ရည်ညွှန်းထားပါတယ်။ Merlion ရုပ်ထုဟာဆိုရင် ငါးဖမ်းတံငါရွာလေးမှ စတင်ခဲ့တဲ့ စင်္ကာပူရဲ့ ရိုးရှင်းသော အစောပိုင်းကာလများကို ဖော်ဆောင်ထားတဲ့အတွက် နိုင်ငံရဲ့ အရေးပါတဲ့ အမှတ်အသားတစ်ခုဖြစ်ရုံသာမကပဲ စင်္ကာပူနိုင်ငံရဲ့ အမှတ်တံဆိပ်လည်းဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံကိုရောက်ခဲ့ကြောင်း အမှတ်တရရှိစေဖို့ နာမည်ကျော် Merlion ရုပ်ထု နဲ့ ဓါတ်ပုံရိုက်ခဲ့ဖို့ မမေ့ပါနဲ့နော်။📸📸

-----------------------------------------

3️⃣ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐨 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 (𝐔𝐒𝐒)

လူကြီး လူငယ်မရွေး နှစ်သက်ကြတဲ့ Universal Studio Singapore ဟာ ဆိုရင် အရှေ့တောင်အာရှမှာ ပထမဦးဆုံး ဖွင့်လှစ်ခဲ့ပီး အာရှတိုက်မှာဆိုရင် ဒုတိယဖွင့်လှစ်ခဲ့တဲ့ Theme Park တစ်ခုလည်းဖြစ်ပါတယ်။ Universal Studio Singapore ကို Hollywood, New York, Sci-Fi City, Ancient Egypt, The Lost World, Far Far Away နဲ့ Madagascar ဟု အမည်ပေးထားတဲ့ Theme Zone ပေါင်း 7 ခုနဲ့ ဖွဲ့စည်းထားပါတယ်။ Hollywood, New York, Sci-Fi City, Ancient Egypt and The Lost World တို့ မှာ လူကြီး၊ လူလတ်ပိုင်း အကြိုက်များဖြစ်ကြပြီး Far Far Away and Madagascar ကတော့ သားသား၊ မီးမီးတို့ သဘောကျတဲ့ Theme Zone လည်းဖြစ်ပါတယ်။ အသည်းအေးစရာ စီးနင်းဖွယ်ရာများ၊ ရှိုးပွဲများကို တွေ့မြင်ခံစားနိုင်မည့်အပြင် နာမည်ကျော် ရုပ်ရှင် နှင့် ရုပ်သံစီးရီးများဖြစ်သော Transformers the Ride, The Ultimate 3D Battle အပါအဝင်

အခြားစိတ်ဝင်စားဖွယ်ရာ များစွာလည်း ရှိနေတာမို့

Universal Studio Singapore ကို လည်ပတ်ခဲ့ပါလို့ လည်း အကြံပေးချင်ပါတယ်။ 🙋🏼

-----------------------------------------

4️⃣ 𝐎𝐫𝐜𝐡𝐚𝐫𝐝 𝐑𝐨𝐚𝐝

ကမ္ဘာကျော်ဖက်ရှင် အမှတ်တံဆိပ်တွေနဲ့ ပြည့်နေတဲ့ Orchard လမ်းမကြီးကတော့ shopaholic တွေ အတွက် မဖြစ်မနေ လည်ပတ်သင့်တဲ့ ပထမဦးစားပေးနေရာပါပဲ။ဒီလမ်းမကြီးပေါ်ရောက်ပြီဆိုရင် ION Orchard ကိုအရင်ဆုံးဝင်ဖို့ အကြံပေးချင်ပါတယ်။ Dior၊ Kate Spade ၊ Louis Vuitton၊ Prada အပါအဝင် နာမည်ကျော် Luxury Brand တို့အပြင် ရွေးချယ်စရာစုံလင်လှသော အမှတ်တံဆိပ်များဖြစ်သည့် Armani Exchange ၊H&M ၊ Mango ၊ Zara တို့လို Brand တွေလည်းရှိနေပါတယ်။ အာရှရဲ့ အကြီးဆုံးသော ပြင်သစ်အလှကုန် အမှတ်တံဆိပ် ဖြစ်တဲ့ Sephora၊ အမေရိကန်အမှတ်တံဆိပ်ဖြစ်တဲ့ Abercrombie & Fitch အစရှိသည့် ဆိုင်များလည်းရှိပါတယ်။

ဒါကြောင့် စင်္ကာပူနိုင်ငံကို လည်ပတ်ရင်း Shopping Paradise တစ်ခု ဖြစ်တဲ့ Orchard Road မှာ

ဈေးဝယ်ထွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်...🛍️

--------------------------------------------

🏢 Outbound Tour Department

📌 Yangon Office Hotline:

☎️ 09775775660 / 09775775661 /09775775662

--------------------------------------------

📌 Mandalay Office Hotline:

☎️ 09775775646, 09775775659, 09775775653

--------------------------------------------

🚚 မိမိစိတ်ကြိုက် ငွေပေးချေမှု အတွက်

စုံလင်လှသော Payment စနစ်များကြောင့်

အဆင်ပြေချောမွေ့စေမှာပဲဖြစ်ပါတယ်။

💸 KBZ Bank/ KBZ Pay/

💸 AYA Bank/CB Bank/Yoma Bank/

💸 Wave Money/OK Dollar Pay

--------------------------------------------

📍 ရန်ကုန်ရုံး

အမှတ် (၁၀၆/၂)၊ သစ်ရာပင်လမ်း၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ (၁)၊

၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

--------------------------------------------

📍 မန္တလေးရုံး

အမှတ် ၁၆၅ ၊ ၈၃ လမ်း ၊၂၄ လမ်း နှင့် ၂၅ လမ်းကြား ၊

မန္တလေး သို့မေးမြန်း စုံစမ်း ဝယ်ယူနိုင်ပါတယ်။

--------------------------------------------

📩 Email: 𝐢𝐧𝐟𝐨@𝐧𝐢𝐜𝐞𝐬𝐭𝐲𝐥𝐞𝐭𝐫𝐚𝐯𝐞𝐥.𝐜𝐨𝐦

--------------------------------------------

5 views0 comments

Recent Posts

See All

Queue

bottom of page