top of page
Search
  • Writer's pictureNice Style Travel & Tours

Say No to Plastic !!


ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အိတ်တွေ ပိုက်တွေနဲ့ တစ်ခါသုံးရေသန့်ဘူး အစရှိတာတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ (Plastic Pollution) နေ့စဉ်ဖြစ်ပွားလျက်ရှိပါတယ်။ 🎑 ပလတ်စတစ်ရေသန့်ဘူးတွေကို သောက်သုံးကြပြီး အမှိုက်ပြစ်ကြတဲ့အခါ 10 % လောက်ပဲ Recycled လုပ်လို့ရပြီး 90% ကတော့ ကမ္ဘာမြေကြီးမှာရှိနေတဲ့ မြေဖို့အမှိုက်ပုံတွေဆီ (သို့) မြစ်၊ ပင်လယ် နဲ့ သမုဒ္ဒရာ ကြမ်းပြင်တွေဆီကိုရောက်ရှိသွားလေ့ရှိပါတယ်။ 🦐🦞🦪🐟 မြေဖို့အမှိုက်ပုံတွေဆီ ရောက်ရှိတဲ့အခါမှာတော့ ပျက်စီးဖို့ သက်တမ်း နှစ်ပေါင်း-450 လောက်ကြာတက်ပြီး ရေနေသတ္တဝါတွေမှာတော့ လူတွေရဲ့ မဆင်မခြင် စွန့်ပြစ်တဲ့ ပလတ်စတစ်တွေကြောင့် အသက်ရှုရခက်ပြီး သေဆုံးမှုနှုန်းတွေ တစ်နေ့တစ်ခြား မြင့်တက်လျက်ရှိနေပါတယ်။ 😣 ဒါကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ လျော့နည်းသွားအောင်လို့ အားလုံးပူးပေါင်းကူညီဖော်ဆောင်ဖို့လိုအပ်ပါတယ်။ 👨🏼‍🤝‍👨🏻 Nice Style Travel ဘက်ကလည်း ရုံးတွင်း အမှိုက်တွေကို အမှိုက်စို အမှိုက်ခြောက်နဲ့ Recycle လုပ်လို့ရတဲ့ အမှိုက်ရယ်လို့ခွဲခြားထားသလို ပလတ်စတစ်ရေဘူးနဲ့ ပလတ်စတစ်အိတ် နဲ့ ပိုက် များကိုလည်း တက်နိုင်သမျှ လျှော့ချ အသုံးပြုလျက်ရှိပါတယ်။ 🧴 ခရီးသွားတဲ့အချိန်မှာလည်း ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ပလတ်စတစ် ရေသန့်ဘူးတွေအစား သယ်ယူလို့လွယ်ကူပြီး ပြန်လည်အသုံးပြုလို့ရတဲ့ ရေဘူးတွေကို အသုံးပြုလျက်ရှိပါတယ်။ 🍹 ခရီးသွားဧည့်သည်တော်များလည်း Nice Style Travel နဲ့အတူ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရင်း ပလတ်စတစ် အသုံးပြုမှုတွေကို လည်း လျော့ချအသုံးပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။🛣️ ကမ႓ာမြေကြီးရဲ့ အလှအပတွေကိုသွားကြည့်ရင်း🏞️ ကမ႓ာမြေကြီးကိုလည်း ကူညီပြီး ခရီးသွားမယ်ဆိုရင်တော့ Nice Style Travel ကို ပဲ ဆက်သွယ်လိုက်ပါ 👩🏻‍💻😍 --------------------------- 🏢 ရန်ကုန်ရုံး ☎️ 01-571001, 01-571003, 01-571004, 01-571008, 01-571599 📍 အမှတ် (၁၀၆/၂)၊ သစ်ရာပင်လမ်း၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ (၁)၊ ၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ --------------------------- 🏢 မန္တလေးရုံး ☎️ 02-4030709, 02-4060101, 02-4069177, 02-4069188 📍 အမှတ် ၁၆၅ ၊ ၈၃ လမ်း ၊၂၄ လမ်း နှင့် ၂၅ လမ်းကြား ၊ မန္တလေးမြို့။ -------------------------------------------- 📩 Email: 𝐢𝐧𝐟𝐨@𝐧𝐢𝐜𝐞𝐬𝐭𝐲𝐥𝐞𝐭𝐫𝐚𝐯𝐞𝐥.𝐜𝐨𝐦 --------------------------------------------

10 views0 comments
bottom of page