Search
  • Nice Style Travel & Tours

Things to do in Korea Part - 1

Updated: Dec 10, 2019


(Unicode) မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့

K-Drama တို့ ဌာနေ ကိုရီးယားမြေကို

ခရီးထွက်မယ်လို့ စဉ်းစားကြတဲ့အခါ

သွားရောက်လည်ပတ်ချင်စရာ

နေရာတွေကတော့ အများကြီး ရှိနေပါတယ်။

K-Drama, K-Pop, K-Fashion, K-Food, တို့နှင့်အတူ

ကိုရီယားမှာရင်းနှီးနေတဲ့ လည်ပတ်စရာ နေရာများစွာထဲက

ခရီးသွားချစ်သူတို့ အတွက်

မဖြစ်မနေ လည်ပတ်ခဲ့သင့်တဲ့နေရာတွေကို

ဖော်ပြပေးလိုက်ပါတယ်နော်….🇰🇷

1️⃣ 𝐒𝐞𝐨𝐧𝐠𝐬𝐚𝐧 𝐈𝐥𝐜𝐡𝐮𝐥𝐛𝐨𝐧𝐠 𝐏𝐞𝐚𝐤 (𝐒𝐮𝐧𝐫𝐢𝐬𝐞 𝐏𝐞𝐚𝐤)

Sunrise Peak လို့လည်း လူသိများတဲ့ Seongsan Ilchulbong Peak ဟာဆိုရင် ဂျယ်ဂျူးကျွန်းရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိပြီး UNESCO-ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တစ်ခု ဖြစ်ပါတယ်။ Seongsan Ilchulbong Peak မှာ အလွန်ကြီးမားတဲ့ မီးတောင်ပေါက်ဝတစ်ခုရှိပြီး ထိုမီးတောင်ပေါက်ဝဟာ အချင်း 600m ရှိပြီး အမြင့် 90m ရှိပါတယ်။ မီးတောင်ထိပ်ကို လမ်းလျှောက်တက်ရတဲ့ လမ်းတစ်လျှေ`ာက်မှာ လတ်ဆတ်တဲ့ လေနုအေးလေးတွေကို ခံစားပြီး အိမ်မက် ကျွန်းကလေး ဖြစ်တဲ့ ဂျယ်ဂျူးကျွန်းရဲ့ လှပအေးချမ်းသော မြင်ကွင်းများကို ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်ပါတယ်။ K-Drama Series တွေထဲက ဂျယ်ဂျူးကျွန်းကို ပြန်လည့်မြင်ယောင်ရင်း Sunrise Peak ကို လည်ပတ်ခဲ့ပါလို့ တိုက်တွန်းလိုက်ပါတယ် 🙋🏼 🙋🏼🙋🏼

------------------------------------------

2️⃣ 𝐍 𝐒𝐞𝐨𝐮𝐥 𝐓𝐨𝐰𝐞𝐫

N-Seoul Tower လို့ခေါ်တဲ့ Namsan Tower ကို 1969 ခုနှစ်မှာ

စတင်ဖွင့်လှစ်ခဲ့ပြီး ကိုရီးယားရဲ့ပထမဦးဆုံး Tower တိုင် တစ်ခု လည်း ဖြစ်ပါတယ်။ TV, Radio Broadcast တွေကို ထုတ်လွှင့်တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ အများပြည်သူအတွက် လည်ပတ်ရန် နေရာ တစ်ခု အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အခုအချိန်မှာတော့ ကိုရီးယားရဲ့ Landmark အဖြစ် နာမည်ကျော်ပြီး နေ့စဉ်လာရောက်လည်ပတ်သူများနဲ့ ပြည်နှက်နေပါတယ်။

N- Seoul Tower ပေါ်မှာဆိုရင် လူငယ်စုံတွဲများအတွက် အချစ်ရဲ့

သင်္ကေတဖြစ်တဲ့ “Locks of Love” သော့ခလောက်လေးတွေ ချိတ်ပြီး မိမိ နှစစ်သက်ရာ ဆန္ဒပြုဆုတောင်းကာ အမှတ်တရ ချိတ်ဆွဲ ထားနိုင်ပါတယ်။ ဒါကြောင့် ဒရာမာထဲမှာပဲ နစ်မျောမနေပဲ ကိုရီးယားကို သွားလည်ပြီး ကိုယ်ပိုင်သော့ကလေး ချိတ်ဆွဲကြရအောင်နော်👩❤️👨

------------------------------------------

3️⃣ 𝐇𝐚𝐧𝐛𝐨𝐤 𝐒𝐞𝐬𝐬𝐢𝐨𝐧

ကိုရီးယားရိုးရာ ဝတ်စုံကို Hanbok လို့ခေါ်ကြပြီး

ကိုရီးယားနန်းတွင်းကားတွေမှာ နန်းတွင်းကမိန်းမပျိူလေးတွေ

ရောင်စုံ ဝတ်ကြတာကို မြင်ဖူးကြမှာပါ။

ယခုချိန်ထိတိုင်လည်း အခမ်းအနားပွဲတွေမှာ ဝတ်နေကြဆဲ

ဖြစ်တဲ့ Hanbok ရောင်စုံလေးတွေကို ကိုယ်တိုင် ဝတ်ကြည့်ရင်း ခမ်းနားလှတဲ့ ကိုရီးယား နန်းတော်နဲ့အတူ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြည့်ခဲ့ဖို့ အကြံပေးချင်ပါတယ်နော်။🤩

------------------------------------------

4️⃣ 𝐍𝐚𝐦𝐢 𝐈𝐬𝐥𝐚𝐧𝐝

ဆိုလ်းမြို့ပေါ်မှ 63km ခန့်ဝေးတဲ့ Nami Island (နာမိကျွန်း) ဟာဆိုရင် တော့ ချစ်သူ စုံတွဲများ၊ သူငယ်ချင်းများ၊ မိသားစုများ လာရောက် လည်ပတ်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ နာမိကျွန်းရဲ့ ပုံသဏ္ဍာန်မှာ လခြမ်းပုံစံရှိပြီး နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့

Winter Sonata (ဟေမာန်ဆောင်းရဲ့ ချစ်သံဇဉ်) ရိုက်ကူးထားတဲ့

နေရာ လည်းဖြစ်ပါတယ်။ ဆောင်းဦးရွက်တွေကြွေတဲ့ အချိန်မျိုးမှာဆိုရင် အဝါရောင်၊ အနီရောင် အရွက်တွေနဲ့ ကျွန်းတစ်ခုလုံး ဖုံးလွှမ်းကာ ပိုမိုလှပလေ့ရှိပါတယ်။ Winter Sonata ကို ပြန်လည်ရင်ခုန်ရင်း ရောင်စုံ သစ်ရွက်ကြွေတွေကြားမှာ လမ်းလျှောက်ရတဲ့ ရင်ခုန်ခံစားမှုမျိူးဟာ နာမိကျွန်းကလွဲရင် ဘယ်နေရာမှာမှ ရမှာမဟုတ်ပါဘူးနော်... 🍁🌼🌈

------------------------------------------

🏢 Outbound Tour Department

📌 Yangon Office Hotline:

☎️ 09775775660/ 09775775661/ 09775775625

------------------------------------------

🚚 မိမိစိတ်ကြိုက် ငွေပေးချေမှု အတွက် စုံလင်လှသော Payment စနစ်များကြောင့် အဆင်ပြေချောမွေ့စေမှာပဲဖြစ်ပါတယ်။

💸 KBZ Bank/ KBZ Pay/

💸 AYA Bank/ CB Bank/ Yoma Bank/

💸 Wave Money/ OK Dollar Pay

------------------------------------------

📍 ရန်ကုန်ရုံး

အမှတ် (၁၀၆/၂)၊ သစ်ရာပင်လမ်း၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ (၁)၊

၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

------------------------------------------

📍 မန္တလေးရုံး

အမှတ် ၁၆၅ ၊ ၈၃ လမ်း ၊၂၄ လမ်း နှင့် ၂၅ လမ်းကြား ၊

မန္တလေး သို့မေးမြန်း စုံစမ်း ဝယ်ယူနိုင်ပါတယ်။

------------------------------------------

📩 Email: 𝐢𝐧𝐟𝐨@𝐧𝐢𝐜𝐞𝐬𝐭𝐲𝐥𝐞𝐭𝐫𝐚𝐯𝐞𝐥.𝐜𝐨𝐦

------------------------------------------

24 views

Social Links

LinkedIn

©2011 - 2020 by Nice Style Travel