top of page
Search
  • Writer's pictureNice Style Travel & Tours

Things to do in China Part - 1

Updated: Dec 10, 2019


(Unicode) Great Wall က အဓိက အကြောင်းအရင်းတချက်ဆိုရင်

ဘာကြောင့် တရုတ်ပြည်ကိုသွားလည်သင့်တယ်ဆိုတဲ့

တခြားအချက်တွေလည်း အများကြီးရှိနေပါတယ်။ 🙆🏼

တရုတ်ပြည်ဟာဆိုရင် ရှေးကျပြီး လိုက်တုလို့ မရတဲ့

အမွေအနှစ်တွေများတဲ့နိုင်ငံ တခုဖြစ်ပြီး

အံ့မခန်းသဘာဝအံ့ဖွယ်တွေ ပေါတဲ့နိုင်ငံ လည်း ဖြစ်ပါတယ်။ 🏙️

ကမ္ဘာမှာ အကြီးဆုံးဆိုတာတွေ

အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံလည်းဖြစ်ပြီး

အစားအသောက် အထူးအဆန်းတွေပေါများတဲ့

နေရာတစ်ခု လည်းဖြစ်ပါတယ်။ 🌆

ဒါကြောင့် တရုတ်ပြည်ကို သွားမလည်ခင်

ဘယ်နေရာတွေ လည်ခဲ့သင့်လဲ ဘာတွေလုပ်ခဲ့သင့်လဲဆိုပြီး

စဉ်းစား ခေါင်းရှုပ်မနေရအောင်

ပေကျင်း နဲ့ ရှန်ဟိုင်းရောက်တဲ့အခါ

မဖြစ်မနေလုပ်ခဲ့သင့်တဲ့ အရာတွေကို

ဖော်ပြပေးလိုက်ပါတယ်နော်....😍

------------------------------------------

1️⃣ 𝐆𝐫𝐞𝐚𝐭 𝐖𝐚𝐥𝐥

တရုတ်ပြည်ရဲ့ ကမ္ဘာကျော် မဟာတံတိုင်း Great Wall ကြီးရဲ့

အစိတ်အပိုင်း အစအဆုံးဟာဆိုရင် 13,170 မိုင်ခန့်ရှည်လျားပြီး

ပေကျင်းပတ်ပတ်လည်မှာ ကာရံထား တဲ့ တံတိုင်းတွေကတော့

356 မိုင်ခန့် ရှည်လျားပါတယ်။ 🤩

နိုင်ငံရဲ့မြောက်ဘက်ပိုင်းကနေ မွန်ဂိုတွေရဲ့ ကျူးကျော်မှုရန်ကို

ကာကွယ်ရန် မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့တာဖြစ်ပြီး

တည်ဆောက်ရာမှာလည်း အုတ်၊ ကျောက်၊ မြေသားအစိုင်အခဲတို့ကို အသုံးပြုခဲ့ပြီး သယ်ယူရ မှာလည်း မြည်း၊ မြင်း၊ လှည်း နှင့် လူအင်အားမြောက်မြားစွာကို အသုံးပြုခဲ့ပါတယ်။ 🙀

တရုတ်ပြည်ရဲ့ အရှေ့ဘက် ကအစပြုပြီး မြောက်ပိုင်းကိုဖြတ်ကာ အနောက်ဘက် မှာ အဆုံးသတ်ပါတယ်။ ပေကျင်းမှာဆိုရင်တော့ Badaling အပိုင်း & Mutianyu အပိုင်း နှစ်ခုဟာ နာမည် အကြီးဆုံးဖြစ်ပြီး လည်ပတ်သူ လူဦးရေလဲ များပြားပါတယ်။ ဒီတော့ ပေကျင်းကိုလည်တဲ့အခါ အိပ်ပျော်နေတဲ့ တရုတ်နဂါး မဟာတံတိုင်းကြီးကို သွားတွေ့ဖို့ဆိုတာက မဖြစ်မနေလုပ်သင့်တဲ့ အရာပဲဖြစ်ပါတယ်။ 🤷🏼

------------------------------------------

2️⃣ 𝐖𝐚𝐧𝐠𝐟𝐮𝐣𝐢𝐧𝐠 - 𝐖𝐚𝐥𝐤𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭

Wangfujing Walking Street ရယ်လို့ပြောလိုက်တာနဲ့

အကောင်ပလောင်အစုံကို စားစရာအဖြစ် ပြုလုပ်ထားတဲ့

ဈေးသည်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်း လေးကိုမြင်ယောင်မိကြမှာပါ။

Wangfujing မှာဆိုရင် နာမည်ကြီးတဲ့ အကောင်တုတ်ထိုးသည်တွေ

အသီးအနှံ တုတ်ထိုးသည် တွေတင်သာမကပဲ Branded အစုံ ကို ရနိုင်တဲ့ Department Store တွေနဲ့ 🛍️KFC လို International Chain စားသောက်စရာ ဆိုင်တွေလည်း ရှိနေပါတယ်။

ဈေးဝယ်ပဲထွက်မလား?🛍️

အကောာင်ပလောင်တွေကိုပဲ လေ့လာမလား?🍤

ရှော့ပင်းမထွက်ပဲ ဓါတ်ပုံပဲရိုက်မလား?📸

ညနက်လေ စည်ကားလေ ဖြစ်တဲ့ Wangfujing ကတော့

ပေကျင်းရဲ့ မရှိမဖြစ် မလည်မဖြစ်နေရာလေးပဲ ဖြစ်ပါတယ်။

------------------------------------------

3️⃣ 𝐓𝐡𝐞 𝐁𝐮𝐧𝐝

ဓါတ်ဖမ်းဖို့ နေရာကောင်းကိုရှာနေပါသလား?? 📸

ဒါဆိုရင်တော့ ရှန်ဟိုင်းကို ရောက်တာနဲ့ ကင်မရာကို အသင့်ပြင်ထားလိုက်ပါ ... 📷မျက်နှာချင်းဆိုင်မှာ မိုးမျှော်အဆောက်အဦးတွေဆိုရင် ကျောဘက်မှာတော့ ကိုလိုနီခေတ်က အဆောက်အဦးတွေအပြည့်နဲ့The Bund Area ကတော့ အသင့်စောင့်နေပါတယ်။ 🌃

ရှေးဟောင်းအဆောက်အဦးတွေကိုပဲ နောက်ခံထားပီးရိုက်မလား?

မိုးမျှော်အဆောက်အဦးတွေဖြစ်တဲ့ TV Tower ကိုပဲ နောက်ခံထားမလား? Huangpu River ရဲ့ အနောက်ဘက်ကမ်း မှာ ရှိနေတဲ့

🏞️ကမ်းနားလမ်းလေးကတော့ လေတဖြူးဖြူး View ကောင်းကောင်းလေးနဲ့အံသြဖွယ် Skyline ကိုရနေတဲ့ နေရာလည်းဖြစ်တာမို့ လည်ပတ်ခဲ့ဖို့ မမေ့ပါနဲ့နော်။ 😍

------------------------------------------

4️⃣ 𝐎𝐫𝐢𝐞𝐧𝐭𝐚𝐥 𝐏𝐞𝐚𝐫𝐥 𝐓𝐨𝐰𝐞𝐫 (𝐓𝐕 𝐓𝐨𝐰𝐞𝐫)

TV Tower လို့ လူသိများတဲ့ Oriental Pearl Tower ကတော့

ရှန်ဟိုင်းမြို့ရဲ့ မင်းသမီးလို့တောင် ပြောလို့ရပါတယ်။ 👸🏼

အရောင်က ပန်းရောင်ရှိပြီး သူ့ပတ် ဝန်းကျင်မှာ သူ့ထက်မြင့်တဲ့ Tower သုံးခုရှိနေခဲ့တာတောင် ထင်ရှားဆဲ ပေါ်လွင်ဆဲဖြစ်ပါတယ်။ 🤩

468-မီတာမြင့်ပြီး ရှန်ဟိုင်းရဲ့ တတိယအမြင့်ဆုံး တာဝါတစ်ခုဖြစ်တဲ့ TV tower ဟာဆိုရင် ရုပ်သံလွှင့်ရန်တာဝါကြီးတစ်ခုဖြစ်ရုံသာမက

အလယ်တွင်ရှိသော အလုံးငါးခုမှာ ဟိုတယ်၊ အောက်မြေညီထပ်တွင် သမိုင်းပြတိုက်၊ တာဝါနေရာအနှံ့ စားသောက်ဆိုင်များနဲ့ 360 ဒီဂရီ ကြည့်နိုင်တဲ့ ရှုခင်းကြည့်ရန်နေရာတွေလည်း တည်ရှိ နေခြင်းကြောင့်

ပြည်တွင်းခရီးသွား ပြည်ပခရီးသွားဧည့်သည်များနဲ့ အစဉ်အမြဲ စည်ကားလျက်ရှိပါတယ်။ 👯👯‍♂️

Observation Desk ကနေ ရှန်ဟိုင်းမြို့ကြီးကို အပေါ်က စီးမြင်ရတဲ့မြင်ကွင်းမျိူးမြင်ရမှာဖြစ်ပြီး မှန်နဲ့ ပြုလုပ်ထားတဲ့ 360 Degree Glass Walk မှာ လမ်းလျောက် ရမှာကတော့ ဘယ်မှာမှ မရနိုင်တဲ့

အသည်းအေးစရာ အတွေ့အကြုံတစ်ခုပါပဲ။ 🙀

--------------------------------------------

🏢 Outbound Tour Department

📌 Yangon Office Hotline:

☎️ 09775775662/ 09775775626/09775775625

--------------------------------------------

📌 Mandalay Office Hotline:

☎️ 09775775646, 09775775659, 09775775653

--------------------------------------------

🚚 မိမိစိတ်ကြိုက် ငွေပေးချေမှု အတွက်

စုံလင်လှသော Payment စနစ်များကြောင့်

အဆင်ပြေချောမွေ့စေမှာပဲဖြစ်ပါတယ်။

💸 KBZ Bank/ KBZ Pay/

💸 AYA Bank/CB Bank/Yoma Bank/

💸 Wave Money/OK Dollar Pay

--------------------------------------------

📍 ရန်ကုန်ရုံး

အမှတ် (၁၀၆/၂)၊ သစ်ရာပင်လမ်း၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ (၁)၊

၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

--------------------------------------------

📍 မန္တလေးရုံး

အမှတ် ၁၆၅ ၊ ၈၃ လမ်း ၊၂၄ လမ်း နှင့် ၂၅ လမ်းကြား ၊

မန္တလေး သို့မေးမြန်း စုံစမ်း ဝယ်ယူနိုင်ပါတယ်။

--------------------------------------------

📩 Email: 𝐢𝐧𝐟𝐨@𝐧𝐢𝐜𝐞𝐬𝐭𝐲𝐥𝐞𝐭𝐫𝐚𝐯𝐞𝐥.𝐜𝐨𝐦

--------------------------------------------

5 views0 comments

Recent Posts

See All

Queue

bottom of page