မိုးလေကင်းလွတ် သီတင်းကျွတ်မှာ မြန်မာလူမျိုးတွေနဲ့ လုံးဝမစိမ်းတော့တဲ့ ကိုရီးယားကို သွားရောက်လည်ပတ်ဖို့ အဆင်သင့်ဘဲလား? နိုင်ငံတိုင်းအတွက် လည်ပတ်လို့ကောင်းတဲ့ အောက်တိုဘာလရဲ့ ဆောင်းဦးရာသီမှာ ဂျယ်ဂျူးကျွန်းရဲ့ သဘာဝရေမြေ အလှတရား၊ မြို့တော် ဆိုလ်းမြို့ရဲ့ အရမ်းသာယာလှပတဲ့ ရှုခင်း၊ ဆောင်ဦးရွက်ကြွေ ချစ်သက်သေ ရိုက်ကူးခဲ့သော နာမိကျွန်းရဲ့ အလှအပတွေအပြင် အနီရောင်၊ အဝါရောင် သစ်ရွက်လေးတွေနဲ့ ပြီးပြည်စုံနေတဲ့ ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်သင့်ပါတယ်။ အရသာရှိလှတဲ့ အစားအသောက်များ၊ ကိုရီးယားရိုးရာဝတ်စုံတွေဝတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင် နန်းတော်ကြီးထဲ ဓါတ်ပုံရိုက်ကူးခြင်း၊ ကိုယ်တိုင်ကိုယ်ကျ ကင်မ်ချီ ပြုလုပ်ခြင်း၊ စတဲ့ စိတ်ဝင်စားဖွယ်အရာများနဲ့ ပြည့်နှက်နေတဲ့ Nice Style ရဲ့ ကိုရီးယားခရီးစဉ်ကို လိုက်ပါဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လူဦးရေ ကန့်သတ်ထားတာရော၊ ကိုရီးယားဗီဇာလျှောက်ထားခြင်းမှာလည်း အချိန်ယူရတာကြောင့် ယခုခရီးစဉ်ကို စက်တင်ဘာလ ၂၂ရက် (တနင်္ဂနွေ) နေ့အထိပဲ ရောင်းချမှာဖြစ်ပါတယ်။ Nice Style ရဲ့ ကိုရီးယားခရီးစဉ်ဟာ လူပြည့်တာမြန်တာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
Travel Date
Travel Date - 9 October to 15 October
Duration - ၆ ညအိပ်၊ ၇ ရက် ခရီးစဉ်
Price Details & Includes
Price - တစ်ဦးလျှင် 1,490 USD
Includes
-
International & Domestic လေယာဉ်လက်မှတ်
-
ကြယ်လေးပွင့်ဟိုတယ်တွင် ၄ ညတာ တည်းခိုခြင်း
-
Luxury Coach ဖြင့် လည်ပတ်ခြင်း
-
Internet High Speed Unlimited
-
အစားအသာက်များ
-
ဝင်ကြေးများအားလုံး
-
အခွန်အခများ
-
သေဘာၤခမ်ား
-
ဗီဇာကြေး
-
Tips to Driver, Guide and Restaurants
Seats Limitation
လူဦးရေများတဲ့အတွက် အချင်းချင်း စောင့်ရတာတွေ၊ ကားပေါ်မှာ ပြည့်ညက်နေအောင် စီးရတာတွေ မဖြစ်ရအောင် Nice Style ရဲ့ ကိုရီးယား ခရီးစဉ်မှာတော့ ခရီးသည်များ အဆင့်မြှင့်မြှင့်၊ အဆင်ပြေပြေ သွားလာနိုင်ရန်နှင့် ခရီးစဉ်တစ်လျှောက် သက်သောင့်သက်သာ သွားလာနိုင်ရန် စုစုပေါင်း ၂၇ ဦး သာ ကန့်သတ်ထားပါတယ်။ လူဦးရေ ကန့်သတ်ထားတဲ့အတွက်လည်း ဧည့်သည်တော်များ နောက်မကျရအောင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Hotels




Nice Style ရဲ့ ခရီးစဉ် အတွင်းမှာ တည်းခိုမည့် ဟိုတယ်များ အားလုံးကတော့ ကြယ်လေးပွင့် ဟိုတယ်များဖြစ်တဲ့အပြင် အချက်အခြာကြတဲ့ မြို့ကြီးများမှာ အကောင်းဆုံးနေရာများကို ရွေးချယ်ပေးထားပါတယ်။ အသေးစိတ် ပြောရရင်တော့
Seoul - ကိုရီးယားရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကြဖြစ်တဲ့၊ နာမည်ကျော်မြောင်ဒုံးဧရိယာ ဆိုလ်းမြို့လည်ခေါင်ရဲ့ ဖွံ့ဖြိုးတိုးတက်ပြီး စည်ကားမှုတွေကို အနီးဆုံး 4 stars hotel မှာ ၂ည တာတည်းခိုပြီး ညဘက် ကိုးရီးယားကားတွေထဲကလို သွားလာတာမျိုး…
Jeju - မိုးလင်းလို့ ပြတင်းပေါက်လေး ဖွင့်လိုက်တာနဲ့ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို အမှန်အကန်ပြေပျောက်သွားစေမယ့် ကိုရီးယားရဲ့ ဟန်းနီးမွန်းဒေလို့ တင်စားထားတဲ့ ဂျယ်ဂျူးကျွန်းရဲ့ သမုဒ္ဒရာကြီးကို 4 stars hotel မှာ ၂ညတာ တည်းခို ခံစားရင်း “တောင်ကိုရီးယား နိုင်ငံ” ရဲ့ ရသတစ်ပုဒ်ကို ပီပြင်အောင်ပုံဖော်ခြင်း...
ကိုးရီးယား ခရီးစဉ်တွေမှာ ရွေးချယ်ပေးတဲ့ ဟိုတယ်၏ တည်နေရာ၊ ၀န်ဆောင်မှုတွေအပေါ်မူတည်ပြီး တစ်ညလျှင် USD200 မှ စ၍ ကွာခြားတတ်တဲ့အတွက် ခရီးစဉ် တစ်ခုလုံးခြုံတွက် ကြည့်လိုက်ရင်တော့ များစွာကွာခြားတတ်ပါတယ်။
Airlines




ထွက်ခွာမည့် လေကြောင်းလိုင်းကတော့ ခရီးသည်များ သက်သောင့်သက်သာဖြစ်အောင် Five Stars အဆင့်ရှိ Singapore Airlines အသုံးပြုထားပြီး ဂျယ်ဂျူးကျွန်းသို့ Korea Domestic Airline ဖြင့် သွားရောက်ပါမည်။
Tour Sightseeing




ဂျယ်ဂျူးကျွန်း
-
ထူးဆန်းအံ့ဖွယ် Seongsan Ilchulbong Sunrise Peak
-
ရိုးရာရွာလေးသဖွယ် တွေ့မြင်နိုင်မည့် Jeju Folk Village
-
နာမည်ကျော် Mysterious Road
-
ချစ်စဖွယ်အရုပ်လေးတွေ မြင်တွေ့နိုင်မည့် Teddy Bear Museum
-
နာမည်ကျော် All In (အွန်စော) ဇာတ်ကား ရိုက်ကူးရာ Seopjicoji
နာမိကျွန်း
-
ဟေမာန်ဆောင်း၏ ချစ်သံဇဉ် ရိုက်ကူးရာ နာမိကျွန်း
ဆိုလ်း
-
နာမည်ကျော် N Seoul Tower
-
ဟန်မြစ်အတွင်း သဘောင်္စီးနင်းခြင်း
-
နာမည်ကျော် ကိုရီးယား၏ ရင်နှစ်သည်းချာ ဂျင်ဆင်း Showroom
-
နာမည်ကျော် ကစားကွင်း Everland
-
ဂျိုဆွန်းမင်းဆက်၏ အကြီးဆုံးနန်းတော် Gyeongbok Palace
-
ကိုရီးယားဝတ်စုံ (Hanbok) များနှင့် ဓာတ်ပုံရိုက်ကူးခြင်း
-
Cosmetic Shop
-
ကိုယ်တိုင်ကိုယ်ကျ ကင်မ်ချီ ပြုလုပ်ခြင်း
Meals




Nice Style ရဲ့ ခရီးစဉ်မှာတော့ တစ်နေ့တစ်မျိုး မရိုးရအောင် မထပ်ရအောင် မြန်မာ လူမျိုးများနှင့် သဟဇာတဖြစ်မယ့် ခံတွင်းတွေ့မယ့် ကိုရီးယားရဲ့ နာမည်ကျော် အစားအသောက်တွေကို စီစဉ်ထားရှိပါတယ်။ ကိုရီးယားရုပ်ရှင်တွေထဲမှာ အမြဲ တွေ့နေရတဲ့ နာမည်ကျော် ကိုရီးယား အစားအစာ Set Menu များ ၊ ကိုရီးယား BBQ, Seafood ဘူဖေးများ, တရုတ်စာ Set Menu များ စသည်ဖြင့် တစ်နေ့တစ်မျိုး မရိုးရအောင် စီစဉ်ထားရှိပါတယ်။
Tour Bus
