Search
  • Nice Style Travel & Tours

Immigration မှာ စစ်ဆေးမေးမြန်းခံရတဲ့အခါ ⁉️


စည်းစနစ်ကြီးတဲ့ နိုင်ငံကြီးတွေ နဲ့ စည်းကမ်းတင်းကျပ်တဲ့ နိုင်ငံတွေကို လည်ပတ်ဖို့ သွားတဲ့အခါ မှာ ဟိုဘက်နိုင်ငံ အဝင် Immigration မှာ စစ်ဆေးမေးမြန်းခံရတာတွေ Immigration က လက်မခံလို့ လှည့်ပြန်ခဲ့ရတဲ့အဖြစ်မျိုးတွေ ကြုံရတက်ပါတယ် ⚠️ -------------------------------------------- ဒါကြောင့် Nice Style ရဲ့ ခရီးသွားဧည့်သည်တော်တွေ အခက်အခဲမရှိစေဖို့ 1️⃣ Immigration တွေ မှာ ဘာကြောင့် မေးမြန်းစစ်ဆေးတက်လဲ 2️⃣ ဘယ်လိုအကြောင်းအရာတွေ မေးတာလဲ 3️⃣ တကယ်လို့ စစ်ဆေးခံရတဲ့အခါမှာရော ဘယ်လို ရင်ဆိုင်ဖြေရှင်းလို့ရနိုင်မလဲ 4️⃣ ဒါ့အပြင် စစ်ဆေးမေးမြန်းမခံရအောင်ရော ဘယ်လိုပြင်ဆင်သွားရမလဲ ဆိုတာကို ယေဘူယျအားဖြင့် ဖော်ပြပေးလိုက်ပါတယ်။ -------------------------------------------- 1️⃣ Immigration တွေ မှာ ဘာကြောင့် မေးမြန်းစစ်ဆေးတက်လဲ ‼️

နိုင်ငံတစ်ခုရဲ့ လူဝင်မှုကြီးကြပ်ရေးအနေနဲ့ သံသယဖြစ်စရာတစ်ခုခုကို မြင်တွေ့ရတဲ့အခါ (သို့) သံသယရှိလာတဲ့အခါမှာ ဘာကြောင့် ဒီနိုင်ငံကို ဝင်ရောက်တာလဲ - ဘယ်လိုပစ္စည်းအမျိုးအစားတွေ သယ်ယူလာတာလဲ ထို့နောက် သင်က ဘယ်လိုလူလဲ ဆိုတာကို သိဖို့ လေ့လာတဲ့အနေနဲ့ စစ်ဆေးမေးမြန်းလေ့ရှိပါတယ်။ -------------------------------------------- 2️⃣ ဘယ်လိုအကြောင်းအရာတွေ မေးတာလဲ🤔

မေးမြန်းလေ့ရှိတာကတော့ ဒီနိုင်ငံ - ဒီမြို့မှာ ဘယ်နှစ်ရက်လည်ပတ်မှာလဲ ဘယ်တွေကိုသွားမှာလဲ ဘာလုပ်ဖို့သွားမှာလဲ ဘယ်သူတွေနဲ့အတူလာတာလဲ အစရှိတဲ့မေးခွန်းတွေအပြင် တည်းခိုနေထိုင်မယ့်နေရာရဲ့လိပ်စာနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြခိုင်းလေ့ရှိပါတယ်။ 📝

တကယ်လို့ သင်က ဒါတွေကိုလည်း သေသေချာချာမပြောပြနိုင်ဘူး သယ်ယူလာတဲ့ပစ္စည်းတွေမှာလည်း သူတို့နိုင်ငံရဲ့ ကန့်သတ်ထားတဲ့ အစားအသောက်တွေ ပစ္စည်းတွေလည်း ပါဝင်လာမယ် ဒါမှမဟုတ် သင်ရဲ့ Passport ကလည်း နာမည် သို့မဟုတ် Passport နံပါတ်တွေမှာပါ တစ်ခုခု သံသယရှိစရာကောင်းနေခဲ့မယ်။ Passport အဟောင်းနဲ့ အသစ်မှာလည်းတစ်ခုခု ကွာခြားနေခဲ့မယ်ဆိုရင်တော့ Immigration Counter တင်မပြီးပဲ မေးမြန်းစစ်ဆေးတဲ့ အခန်းထဲထိ ခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ 😪

မေးမြန်းစစ်ဆေးတဲ့အခါမှာလည်း Immigration Officer မေးသမျှကို ဘာသာစကားအခက်အခဲအရ ကောင်းကောင်းမွန်မွန်မဖြေရှင်းနိုင်ခဲ့တဲ့အခါ၊ သို့မဟုတ် သင်ကိုယ်တိုင်မသိလိုက်ပဲ သင်ကိုယ်တိုင် တစ်ခုခုပြုလုပ်ထားလိုက်မိတဲ့အခါ၊ Immigration Officer တွေကလည်း သင့်အဖြေတွေကို ဘဝင်မကျခဲ့တဲ့အချိန်နဲ့လည်း တိုက်ဆိုင်သွားမယ်ဆိုရင်တော့ ပြည်ဝင်ခွင့် ရရှိမှာမဟုတ်ပဲ အနီးစပ်ဆုံးလေယာဉ်နဲ့ပဲ အမိနိုင်ငံကို ပြန်လွှတ်ခြင်းခံရမှာပါ။ တကယ်လို့ - အာမခံပေးမယ့် အသိမိတ်ဆွေ၊ ဆွေမျိုး အစရှိတဲ့ နိုင်ငံသား ရှိခဲ့မယ်ဆိုရင်တော့ တစ်ရက် ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ ခေတ္တထိန်းသိမ်းခံရပြီးမှ ပြန်လွှတ်တာမျိုးလည်း ရှိပါတယ်။ ဒါမှမဟုတ် တစ်ခုခုချိုးဖောက်ထားခဲ့မယ်ဆိုရင်တော့ ဒဏ်ကြေးဖြစ်စေ နောက်တစ်ခါထပ်မလုပ်ပါဘူးဆိုတဲ့ ဝန်ခံကတိဖြစ်စေ ရေးထိုးခဲ့ရမှာပဲ ဖြစ်ပါတယ်။ 🛃 -------------------------------------------- 3️⃣ တကယ်လို့ စစ်ဆေးခံရတဲ့အခါမှာရော ဘယ်လို ရင်ဆိုင်ဖြေရှင်းလို့ရနိုင်မလဲ 💯

စစ်ဆေးမေးမြန်းခံရခဲ့မယ်ဆိုရင်တော့ တည်တည်ငြိမ်ငြိမ်ဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုဖို့ အရင်ဆုံးအကြံပေးချင်ပါတယ်။ ပီးရင်တော့ ကိုယ့်ရဲ့ ခရီးစဉ်အသေးစိတ်ကို နားလည်အောင်ရှင်းပြပါ။ ဒါတွေအပြင် ဘာကြောင့်လည်ပတ်ကြောင်းနှင့် အလုပ်အကိုင် တို့ကို ဖော်ပြပေးပါ။ဘာသာစကားအခက်အခဲဖြစ်ခဲ့ရင် စာရွက်စာတမ်းနဲ့ပြပီးဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ✅ -------------------------------------------- 4️⃣ ဒါဆိုရင် စစ်ဆေးမေးမြန်းမခံရအောင်ရော ဘာတွေပြင်ဆင်သွားရမလဲ။ 🧳

လေယာဉ်ပေါ်ကဆင်းလို့ Immigration ဝင်ရမယ့်နေ့နဲ့ ထွက်ရမယ့်နေ့မှာ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ 🧥 ဟိုတယ်ဘိုကင်နှင့်တကွ ခရီးစဉ်တစ်ခုလုံးအတွက် လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဖုန်းထဲမှာဖြစ်စေ Print ထုတ်ပီးဖြစ်စေ သယ်ဆောင်သွားပါ။ 📱 မိမိလည်ပတ်မည့်ခရီးစဉ်၊ ဟိုတယ်အမည်များ၊ အပြန် လေယာဉ်အချိန် အစရှိသည့် လိုအပ်သည်များကိုလည်း မေးလိုက်သည်နှင့် ပြောနိုင်အောင် မှတ်သားထားပါ။ 👩🏻‍💻 Passport အဟောင်း (ရှိခဲ့လျှင်) နှင့် သွားခဲ့ဘူးသမျှ ဗီဇာများကိုလည်း ဓါတ်ပုံရိုက်ထားပါ။ 📸 အလုပ်အကိုင် အထောက်အထားပြသော စာရွက်စာတမ်းများ ဖြစ်စေ Visiting Card ဖြစ်စေ အမြဲလိုလို ကိုယ်နှင့်မကွာဆောင်ယူသွားဖို့လည်း အကြံပေးပါရစေ။ ✍🏻 -------------------------------------------- ဒီလိုအချက်တွေကို ရှောင်သင့်တာတွေရှောင်ပီး ဆောင်သင့်တာလေးတွေလည်း ဆောင်ယူသွားရင်း Immigration ကို အခက်အခဲမရှိ ချောချောမွေ့မွေ့ဖြတ်သန်းရင်းပျော်ရွှင်စရာခရီးလေးတွေပိုင်ဆိုင်ကြပါစေ။ 😎 -------------------------------------------- နောက်နေ့တွေမှာလည်း ဒီလို စိတ်ဝင်စရာကောင်းတဲ့ သတင်းအချက်အလက်တွေ Promotion တွေကို ဖော်ပြပေးသွားမှာဖြစ်လို့ Nice Style Travel Page လေးကို နေ့တိုင်းဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 💞 -------------------------------------------- 🏢 ရန်ကုန်ရုံး ☎️ 01-571001, 01-571003, 01-571004, 01-571008, 01-571599 📍 အမှတ် (၁၀၆/၂)၊ သစ်ရာပင်လမ်း၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ (၁)၊ ၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ -------------------------------------------- 🏢 မန္တလေးရုံး ☎️ 02-4030709, 02-4060101, 02-4069177, 02-4069188 📍 အမှတ် ၁၆၅ ၊ ၈၃ လမ်း ၊၂၄ လမ်း နှင့် ၂၅ လမ်းကြား ၊ မန္တလေးမြို့။ -------------------------------------------- 📩 Email: 𝐢𝐧𝐟𝐨@𝐧𝐢𝐜𝐞𝐬𝐭𝐲𝐥𝐞𝐭𝐫𝐚𝐯𝐞𝐥.𝐜𝐨𝐦

9 views

Social Links

LinkedIn

©2011 - 2020 by Nice Style Travel