Nice Style Travel & Tours

Aug 28, 20192 min

လေယာဉ်လတ်မှတ်ကို ဈေးချိုချိုနဲ့ ဘယ်လို ဝယ်ကြမလဲ 😱😱

Updated: Dec 10, 2019

(Unicode) မင်္ဂလာပါရှင့် 🍀

Nice Style ရဲ့ မိတ်ဟောင်းမိတ်သစ်

ဧည့်သည်တော်ကြီးများအတွက်

လေယာဉ်လတ်မှတ်တွေဝယ်ယူတဲ့အခါမှာ

ဈေးသက်သာအောင် တနည်းအားဖြင့်

ဈေးချိုချိုနဲ့ရအောင် ဘယ်လိုနည်းလမ်းတွေသုံးပြီး

ဝယ်ယူလို့ရနိုင်မလဲ ဆိုတာကို ဒီပိုစ့်လေးနဲ့ အတူ

မျှဝေပေးသွားမှာပဲဖြစ်ပါတယ် 😘

မိသားစုခရီးတွေမှာဖြစ်စေ 👨‍👩‍👧‍👦

မိမိကိုယ်ကို စီစဉ်ပြီးသွားတဲ့ခရီးတွေမှာဖြစ်စေ 😎

အလုပ်ကိစ္စသွားရတဲ့ ခရီးတွေမှာဖြစ်စေ 💼

ခရီးစရိတ်တစ်ခုချင်းစီမှာ ဈေးအကြီးဆုံးက 💵

လေယာဉ်လတ်မှတ်တွေပဲဖြစ်ပါတယ် ✈

ဈေးအကြီးဆုံးဖြစ်တဲ့ လေယာဉ်လတ်မှတ်စရိတ်ကို

လျော့ချနိုင်ခဲ့မယ်ဆိုရင် 🧐

ခရီးစဉ်ကုန်ကျစရိတ်လည်း အနဲငယ်လျော့ချသွားနိုင်မှာ ဖြစ်ပါတယ် 🤑

ဒီတော့ လေယာဉ်လတ်မှတ် ကို ဈေးသက်သာအောင်

ဘယ်လို ဝယ်ယူလို့ရနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်နော်။ 😘😘

1⃣ Budget Airlines တွေကိုရွေးချယ်ပါ။ ✈💵

စရိတ်လျော့ချမယ်ဆိုတဲ့အပိုင်းမှာ Budget Airlines တွေ ကိုမေ့ထားလို့မရပါဘူး။ နာရီအနဲငယ်သာစီးရမယ့် ခရီးတွေအတွက်ဆိုရင် Budget လေကြောင်းလိုင်း တွေကို ဦးစားပေးရွေးချယ်ပါ။ အပိုဆောင်းထပ်ဝယ်ရမယ့် Checked-In Baggage ကို မလိုအပ်ရင် မဝယ်ခြင်းအားဖြင့်လဲ လတ်မှတ်ဈေးက သက်သာနိုင်ပါတယ်။ နှစ်ယောက်သွားတဲ့ခရီးဆိုရင် တစ်ယောက်စာပဲ ဝယ်ခြင်းအားဖြင့်လဲ ဈေးသက်သာလို့ရနိုင်ပါတယ်။

2⃣ ကြိုတင်ဝယ်ယူပါ။ 📋🔎

ဟုတ်ပါတယ်။ လေယာဉ်လတ်မှတ်တွေဟာ Promotion ဘယ်လိုပဲချချ Sales ဘယ်လိုပဲပေးပေး ခရီးသွားမယ့်ရက်ထက် တစ်လကျော်/နှစ်လကျော် ကြိုတင် ဝယ်ယူထားတဲ့ လေယာဉ်လတ်မှတ်တွေက ပိုပြီးဈေးချိုလေ့ရှိပါတယ်။ ဒါကြောင့် ခရီးသွားရမယ့်ရက်ကို ကြိုသိထားခဲ့မယ်ဆိုရင် လေယာဉ်လတ်မှတ်ကိုလည်း ကြိုဝယ်ထားဖို့ အကြံပေးချင်ပါတယ်။

3⃣ မိုးရာသီကို ရွေးချယ်ပါ။ ☔🌧

မိုးရာသီမှာ အများစုဟာ ခရီးသွားလေ့မရှိကြပါဘူး။ အဲဒီအတွက် လေယာဉ်တွေမှာ ခုံတွေ များများကျန်လေ့ရှိသလို ဈေးနှုန်းဟာလည်း သာမာန်ထက် သက်သာတဲ့အချိန်ကာလတွေလည်းဖြစ်ပါတယ်။

4⃣ Mid-Week မှာ ခရီးသွားပါ။ 📅🏕

ခရီးသွားဖို့ရက်ကို ရွေးချယ်လို့ရတဲ့အခြေအနေမျိုးမှာဆိုရင် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး အစရှိတဲ့ ရက်တွေကို ရွေးချယ်ပါ။ အဲလိုနေ့တွေဟာ များသောအားဖြင့် ရက်သတ္တပတ်တွေရဲ့ ဈေးအချိုဆုံး နေ့ရက်တွေပဲဖြစ်ပါတယ်။ အစိုးရရုံးပိတ်ရက်တွေ နဲ့ သောကြာ၊ စနေ၊တနင်္ဂနွေတွေမှာတော့ ဈေးနှုန်းတွေကတော့ အမြဲလိုလို မြင့်တက်လေ့ရှိပါတယ်။

5⃣ ပိတ်ရက်တွေကိုရှောင်ပါ။ 🙅🙅‍♂️

ကိုယ်လည်ပတ်မယ့်နိုင်ငံ မှာ ကိုယ်ခရီးသွားမယ့်ရက်နဲ့ကွက်တိ အစိုးရပိတ်ရက်ရှိနေလားလေ့လာပါ။

ပိတ်ရက်တွေဟာ သင့်ရဲ့ ပိုက်ဆံတွေ ပိုမိုကုန်ကျစေဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ လေယာဉ်လတ်မှတ်တင်သာမက ဟိုတယ်၊ ကား၊ လည်ပတ်ရန်က အစ ဈေးကြီးနေမှာဖြစ်တဲ့အတွက် ရှောင်ရမယ့် ရက်တွေထဲမှာ ပါဝင်နေပါတယ်။

6⃣ Promotion တွေနဲ့ ရင်းနှီးပါစေ။ 🔔

Airlines တွေဟာ မိုးရာသီလို ရာသီမှာ - သို့မဟုတ် ခရီးသွားပါးတဲ့ အချိန်ကာလတွေမှာ သို့မဟုတ် လေကြောင်းလိုင်း အခြေစိုက် နိုင်ငံတွေရဲ့ အဓိကရက်ထူးရက်မြတ်တွေမှာ Promotion တွေ ချလေ့ရှိပါတယ်။ ကြိုတင်ဝယ်ယူဖို့ အချိန်မရှိခဲ့တော့ရင် Promotion ရမယ့် လတ်မှတ်တွေက သာမာန်လတ်မှတ်တွေထက် သက်သာစေပါတယ်။

7⃣ Options တွေဖြင့် နှိုင်းယှဉ်ပါ။ 🤔

Budget Airlines တွေဟာလည်း တစ်ခုတည်း မဟုတ်သလို Promotion ချနေတဲ့ လေကြောင်းလိုင်းတွေဟာလည်း အများကြီးရှိနေမှာပါ။ ဒါကြောင့် ရွေးချယ်တဲ့အခါ တစ်ခုတည်းကို မရွေးချယ်ပဲ Options တွေနဲ့ နှိုင်းယှဉ်ပြီး အကောင်းဆုံးနဲ့ ဈေးသက်သာမယ့် လေကြောင်းလိုင်းကို ရှာဖွေပါ။

နောက်ဆုံးအချက်ကတော့ -

8⃣ Nice Style Travel ကို ဆက်သွယ်ပါ။ 😎

Nice Style Travel –Facebook Page မှာ Promotion တွေကို အမြဲလိုလို Update သိနိုင်မယ့် အပြင် ဖုန်းဆက်ပြီးမေးမြန်းလိုက်ရုံနဲ့ Budget Airlines များ ရွေးချယ်စရာ Options များကိုလည်း တစ်ပါတည်း သိရှိနိုင်မှာဖြစ်တဲ့အတွက် လေယာဉ်လတ်မှတ်တွေကို ဈေးချိုသာစွာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး ခရီးစရိတ်ကိုလည်းလျော့ချနိုင်မှာ ဖြစ်ပါတယ်။ 💯

--------------------------------------------

👨🏼‍🏫 ဒီ Blog Post လေးကို ဖတ်ပြီး လေယာဉ်လတ်မှတ်ဝယ်ဖို့

Booking တင်ချင်တာပဲဖြစ်ဖြစ်၊

ဆက်သွယ် စုံစမ်းချင်တာပဲဖြစ်ဖြစ်၊

ဝယ်ယူချင်တာပဲဖြစ်ဖြစ်

ကျွမ်းကျင် စိတ်ရှည်ပြီး၊ ဝန်ဆောင်မှုကောင်းတွေနဲ့

အမြဲအဆင်သင့်ကြိုဆိုနေတဲ့

Nice Style ရဲ့ International Ticketing Department ၏

Hot-line ဖုန်းတွေကို ဆက်သွယ်နိုင်ပါတယ်။

--------------------------------------------

🏢International Ticketing Department

(ပြည်ပလေယာဉ်လတ်မှတ် ဝန်ဆောင်မှုဌာန)

📌 Yangon Office Hotline:

☎️ 09775775645, 09775775644, 09775775643,

09775775642, 09775775641, 09775775640

--------------------------------------------

📌 Mandalay Office Hotline:

☎️ 09775775646, 09775775659, 09775775653

--------------------------------------------

🚚 အိမ်အရောက် ပို့ဆောင်ပေးသောဝန်ဆောင်မှု နှင့် အတူ

မိမိစိတ်ကြိုက် ငွေပေးချေမှု အတွက်

စုံလင်လှသော Payment စနစ်များကြောင့်

အဆင်ပြေချောမွေ့စေမှာပဲဖြစ်ပါတယ်။

💸 KBZ Bank/ KBZ Pay/

💸 AYA Bank/CB Bank/Yoma Bank/

💸 Wave Money/OK Dollar Pay

--------------------------------------------

🏢ရန်ကုန်ရုံး

📌 အမှတ် (၁၀၆/၂)၊ သစ်ရာပင်လမ်း၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ (၁)၊

၂၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

--------------------------------------------

🏢 မန္တလေးရုံး

📌 အမှတ် ၁၆၅ ၊ ၈၃ လမ်း ၊၂၄ လမ်း နှင့် ၂၅ လမ်းကြား ၊

မန္တလေး သို့မေးမြန်း စုံစမ်း ဝယ်ယူနိုင်ပါတယ်။

--------------------------------------------

📩 Email: 𝐢𝐧𝐟𝐨@𝐧𝐢𝐜𝐞𝐬𝐭𝐲𝐥𝐞𝐭𝐫𝐚𝐯𝐞𝐥.𝐜𝐨𝐦

--------------------------------------------

    340
    3